Events
ဘူဆန်နိုင်ငံတကာပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ - ၂၀၂၅ ကျင်းပမည်
Updated At: 2025-05-29 11:29:25
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ Busan Exhibition and Convention Center – BEXCO တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ “ဘူဆန်နိုင်ငံတကာပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ-၂၀၂၅ (Busan International Seafood & Fisheries – BIFSE Expo 2025)” ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါအချက်များ ဖော်ပြပါရှိသည်-
၁။ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် ပြခန်းတစ်ခန်း (3m x 3m) ကို ပြခန်းခ အခမဲ့ဖြင့် ပါဝင်ပြသခွင့်ပြုမည်ဖြစ်ကြောင်း၊
၂။ ပြခန်းများ ထပ်မံဝယ်ယူပြသမည်ဆိုပါက “ဆောလျင်စွာ ငွေသွင်းလျှင် ၂၀ % အထိ ဈေးလျှော့ ပေးမည့်အစီအစဉ် (20% early-bird discount)” ရှိကြောင်းနှင့် အစီအစဉ်နောက်ဆုံးရက်မှာ ၃၀-၅-၂၀၂၅ ရက်နေ့ဖြစ်ကြောင်း၊
၃။ ပြပွဲတွင်ပါဝင်ပြသနိုင်ရန် ပြည်ဝင်ခွင့် Visa လျှောက်ထားခြင်းအတွက် ဖိတ်ကြားစာနှင့် အခြား စာရွက်စာတမ်းအထောက်အထားများကို ကျင်းပမည့်အဖွဲ့အစည်းထံမှ ရရှိမည်မဟုတ်ကြောင်း၊
၄။ ပြပွဲတွင် Visa လျှောက်ထားခြင်း၊ ပြသမည့်ပစ္စည်းများ သယ်ယူလာခြင်း၊ လေယာဉ်ခနှင့် ကိုရီးယားနိုင်ငံတွင်း သွားလာစရိတ်များကို မိမိကိုယ်တိုင် ကုန်ကျစရိတ်ကျခံ၍ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊။
ဘူဆန်နိုင်ငံတကာပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ-၂၀၂၅ သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
Date: 17-9-2025 to 21-9-2025
The Industry Expo 2025 ပြပွဲ ကျင်းပမည်
Date: 19th to 22th June, 2025